တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အလုံမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးစစ်ဆေး

အလုံ ဖေဖော်ဝါရီ ၂၁

တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုကျင်းပမည့် နေရာများသို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်ရှေ့ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေစဉ် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်စေရန်နှင့် မီးလောင်မှုမီးလန့်မှုမဖြစ်ပွားစေရန် ကျောင်းပတ်ဝန်းကျင်အမှိုက်များ ရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးများ အသင့်သုံးစွဲနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ မီးသတ်ရေလှောင်ကန်များတွင် ရေလုံလောက်စွာ ဖြည့်တင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့မရဲစခန်းမှ ရဲမှူးဦးအောင်ကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်ပညာရေမှူး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)