ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အောင်သိဒ္ဓိဆန်စက်တွင် ယမန်နေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။