မိုးနဲ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ပေါ့မိုင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံနေရာတို့တွင် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ မတ်လ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ အေရိုးဗစ် စသည့် အားကစားနည်း(၅)မျိုးကို ညနေ ၃ နာရီအချိန်မှ ၅ နာရီအချိန်ထိ အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစား သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးထံမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)