စမ်းချောင်း ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးသူရဆွေနှင့်တပ်ဖွဲ့၀င်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည်အချက်များနှင့် မီးသတိမူရေး၊ အရေးပေါ်ဖြစ်ပွားလာပါက မီးငြှိမ်းသတ်နိုင်စေရေးများကို အသိပညာပေးဟောပြောခဲ့ပြီး ၀န်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)