မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်းများကို စားသုံးသူနယ်ပယ်အသီးသီးသာမက တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း စားသုံးသူအသိပညာပေးခြင်းများကို အခါအားလျော်စွာဆောင်ရွက်လျက်ရှိရာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာခန်းမတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့နံနက်ပိုင်းက စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့သည်။