အထက်မင်းလှ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများဖြစ်သည့် မူလတန်းအဆင့် KG မှ Grade-4 ထိ၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ထိနှင့် အထက်တန်းအဆင့် Grade-10 မှGarde-12 အထိ ဖြေဆိုကျောင်းသား၊ ကျောင်းသူပေါင်း(၁၇၂၆၀)ဦးတို့က အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 တို့မှာ မတ်လ(၃)ရက်နေ့တွင် စတင်၍ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)