တောင်ငူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆိုသည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၃ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့ပေါ်ရှိ မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများထပ်ဆင့်ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများသို့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အောင်မင်္ဂလာရပ်ကွက်တွင်  ပြည်သူ့စစ်မှုထမ်းဥပဒေ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို၊ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်စေရန်အတွက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းရှင်းလင်းဟောပြောလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက  အောင်မင်္ဂ လာရပ်ကွက် မဟာဗောဓိဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Subscribe to