ကျိုက်မရော ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲများကို ယမန်နေ့ နံနက်က စတင်ကာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၁၄၁) ကျောင်းရှိပြီး နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပထမနေ့တွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုပြီး Grade 4 မှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများက လာရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။
ချိုမြတ်မြတ်ထွေး