သရက်ချောင်းမြို့နယ်၌ ကွမ်းသီးအခြမ်းခွဲရောင်းချရာမှ ယမန်နှစ်ထက်စျေးကောင်းရသဖြင့် ကွမ်းသီးလုပ်ကိုင်သည့် တောင်သူများဆင်ပြေလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များ အဓိကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးအစ‌ပေါ်ချိန်တွင် ကွမ်းသီးအနုဈေးကောင်းရရှိ၍ တောင်သူများက ကွမ်းသီးအနု ရောင်းချမှုများသဖြင့် ယခုကွမ်းသီးအမှည့်ပေါများချိန်တွင် ယမန်နှစ်ထက် ကွမ်းသီးအမှည့် အထွက်နှုန်းနည်းသော်လည်း ကွမ်းသီးအခြမ်းခွဲရောင်းချရာမှ ယမန်နှစ်ထက် စျေးနှုန်းများ အဆမတန်မြင့်တက်၍ ဈေးကောင်းရရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် များစွာတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် အခြေခံသမဝါယမအသင်းများဖြင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပုသိမ်ကြီးမြို့နယ်၊ သမဝါယမအသင်းစုရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက အခြေခံသမဝါယမအသင်း အသင်းအမှုဆောင်များဖြင့် တွေ့ဆုံ၍ သမဝါယမလုပ်ငန်းများအကြောင်း အကျယ်တဝင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြသည်။

မိုင်းရှူးမြို့နယ်၊ ဟံသာမုနိဘုရားကြီးကျောင်း၌ ရှင်သာမဏေ(၅၀၄)ပါးအား ဆုနှင်းသဘင်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၁၃၈၅ ခုနှစ် (၃၂)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်တွင် အောင်မြင်ခဲ့သော ရှင်သာမဏေ (၅၀၄)ပါးအား  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ဟံသာမုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မီးသတ်ဦးစီးဌာနရုံးတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်ကာ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီက အဆိုပါခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင်  ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံငွေ ပေးအပ်ခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ ကျင်းပပြုလုပ်

ကယားပြည်နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မြစ်သားမြို့နယ် ရွှေနဂါး ဝါးပျော့ဖက်နှင့်တရုတ်ရိုးရာ ခဲစက္ကူလုပ်ငန်းစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်ရေးသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်ရွှေနဂါးဝါးပျော့ဖက်နှင့် တရုတ်ရိုးရာခဲစက္ကူလုပ်ငန်းစက်ရုံတွင် ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး​​များကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ကအဆိုပါစက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယွန်းပညာကောလိပ်(ပုဂံ)၌ ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံယွန်းပညာကောလိပ်၌ ဒီဂျစ်တယ်အသိပညာ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်း ဖွင့်ပွဲအခန်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယွန်းပညာကောလိပ်(ပုဂံ)အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရေဖြူ၌ (က)ရပ်ကွက်ရှိနေအိမ်နှင့်ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၈နာရီ၌ (က)ရပ်ကွက်ရှိ နေအိမ်နှင့် ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာ “အလင်းပြ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားနှင့် ကျခတ်ငူကျေးရွာငါးခြောက်သိုလှောင် အ‌အေးခန်းသွားရောက်စစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာနေပြည်သူများ စုပေါင်းလှူဒါန်းမှုတို့ဖြင့် တည်ဆောက်ထားသည့် “အလင်းပြ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Subscribe to