ကမာရွတ်မြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းမဲ့စျေးရောင်းချမှုမရှိစေရေးနှင့် လေလွင့်ကလေးငယ်များမရှိစေရေးရှင်းလင်းဆောင်ရွက်

ကမာရွတ် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျွန်းတောလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမကြီးများတစ်လျှောက်တွင် ပြည်သူများယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းမဲ့စျေးရောင်းချနေသော စျေးသည်များအား စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် ရောင်းချနေသော စည်းကမ်းမဲ့စျေးသည်များကို စည်းကမ်းရှိစွာဖြင့် ရောင်းချနိုင်ရေးအတွက်နှင့် ခရီးသွားပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)