မိုင်းခတ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြသခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းအထက်တန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာကျောင်းအထက်တန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ် (၁) ၊ အမှတ် (၂) ၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်သည်။

ကျိုက်လတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဉီးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်း ၈ နာရီမှ စတင်ထုတ်ပေးလျက်ရှိသည်။

တိုက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့များရှိ ‌ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် စပါးတစ်ဧက ပန်းတိုင်းအထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် GW-11 စပါးမျိုးများ စတင်ပျိုးထောင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်းစပါး ဖူလုံ ပိုလျှံစေရေး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေးစပါးဧက ပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိရေး သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် GW-11 စပါးမျိုးများ စတင်စိုက်ပျိုးထောင် လျက်ရှိကြောင်း သိရှိရသည်။

မိုင်းတုံသို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ကျိုင်းတုံမြို့)မှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း အခမဲ့ဆေးကုသပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်းအခမဲ့ ဆေးကုသပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၈ နာရီအချိန်က စတင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာ စိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်ရွက်သည့်ဆောင်းနေကြာဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံ‌ရေး၊ အထွက်နှုန်းကောင်း စေရေးနှင့်ဝင်ငွေတိုးစေရေးရည်ရွယ်၍ ရွှေကုန်းကျေးရွာရှိ ရွှေကုန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးလှထွန်း ကွင်းအမှတ် (၄၉၇) က၊ ဦးပိုင်အမှတ် (၁၂/၁၀၁)ရှိ စိုက်ဧက (၃.၀၀) ဧကတွင်ရေဆင်းစပ်မျိုး (၁)မျိုးဆောင်းနေကြာသီးညှပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   
Subscribe to