တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

တန့်ယန်း ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက လာရောက်ထုတ်ယူနေလျက်ရှိသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ အဆင်ပြေစွာထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)