ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် အမြန်ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင်လ ၂၃ ရက်နေ့ မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိရာ ယနေ့ နံနက်ပိုင်းတွင် အမြန်‌ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း  သိရသည်။

မော်လမြိုင်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်း ​ဆောင်ရွက်

မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လမ်းညွှန်မှာကြားချက်ဖြင့် မော်လမြိုင်မြို့နယ် ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(၆) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝေါမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာ၌ ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၁၁)ဦး ပိုင်ဆိုင်သော လယ်မြေ(၅၀)ဧကအတွင်း စိုက်ပျိုးထားသည့် အောင်နိုင်တိုးမျိုးစပါး စိုက်ခင်းများအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေများတွင် ပန်းတိုင်းအထွက်နှုန်းပြည့်မီကျော်လွန်စေရေးနှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထားမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများတက်ရောက်ခဲ့သည်။

မိုးညိုမြို့နယ်၌ကမ်းပါးပြို၍ပြောင်းရွှေ့ခဲ့သည့်မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာဖိုး သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ်၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်များ ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကုလားချောင်းကြီးကျေးရွာနှင့် တံခွန်တိုင်ကျေးရွာတို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန့်နေ့မွန်းလွဲပိုင်းက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်  အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကာ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to