သနပ်ပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်များ ထောက်ပံ့ငွေ ပေးအပ်

သနပ်ပင် ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကုလားချောင်းကြီးကျေးရွာနှင့် တံခွန်တိုင်ကျေးရွာတို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန့်နေ့မွန်းလွဲပိုင်းက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းပေးအပ်ပွဲကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး ဒေါ်မေခိုင်ဆက်နှင့် ဝန်ထမ်းများက ၂၄-၇-၂၀၂၅ ရက်နေ့တွင် သနပ်ပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာအုပ်စု ၂ စုမှ အိမ်ထောင်စု (၇၆) စုရှိ လူဦးရေ (၃၆၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၈၄၅၀၀ဝိ/၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀ဝိ/၊ ဒဏ်ရာရလူနာ (၆)ဦးတို့အတွက်  ကျပ် ၃၀၀၀၀ဝိ/၊ စုစုပေါင်းငွေကျပ် ၈၁၄၅၀၀ဝိ/နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျေးရွာအုပ်စုနှင့်  ကျေးရွာများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)