ဒေးဒရဲမြို့နယ်၌ ဒေသမျိုးရင်း ပေါ်ဆန်းစပါး(၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်နှင့် မိုးစပါးအထွက်နှုန်း အမြင့်မားဆုံးရရှိနိုင်မည့် အောင်နိုင်တိုး မျိုးစပါး စံပြကွက် စိုက်ပျိုးပွဲအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်း (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား ယနေ့နံနက် (၉) နာရီက ဖျာပုံခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး စျေးကွက်ဝယ်လိုအားရှိပြီး ဆန် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဒေသမျိုးရင်းဖြစ်သည့် ပေါ်ဆန်းစပါး မျိုးစေ့ထုတ်ဧကများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်၍ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌ အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ယနေ့နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား  ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးမှူးဌာနက သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အဆင်သင့်စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ညနေ (၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ပကြောင်းဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစား အောင်နိုင်ရေးကော်မတီ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။

ဘုတ်ပြင်းမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဘုန်းကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆရာဒကာဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလတွင် သီတင်းသီလဆောက်တည်မည့် ဆရာတော်/သံဃာတော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်၊ ပစ္စည်း(၄)ပါး၊ ပြည်စုံစေရန်အတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်က ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် လယ်လှကျေးရွာတွင် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အောင်ပန်းမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊‌ အောင်ပန်းမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက လက်မပင်ရပ်ကွက်နှင့် မွန်းလွှဲ ၂ နာရီက မိုးကောင်းရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Subscribe to