ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၊ ခေါင်းဒုက္ကာ(၂)IDP စခန်း ပြန်လည် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ် ၂၀၂၅ ခုနှစ်၊ မိုးရာသီ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘုမေရပ်ကွက် ရွာဂေါင်းရွာသစ် မူလွန်ကျောင်းဝင်းအတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။