သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ သပြုငူကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးရွာသွန်းလေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် နေအိမ် (၂) လုံးရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခဲ့သည်။