မိုင်းပန် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ်အတွင်း ပင်စင်စားနိုင်ငံ့အငြိမ်းစား ဝန်ထမ်းများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးသူအောင်နှင့် ဝန်ထမ်းများမှ UID ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)