တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

နင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများ မိမိတို့လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း​က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စုများတွင် နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အောင်ပန်းမြို့ပစ္ဆိမာရုံပရဟိတဂေဟာကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ ပစ္ဆိမာရုံပရဟိတဂေဟာကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘက်ရဲမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံရှေ့ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်နေမှုအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက် ဆေးရုံလမ်းရေးစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်နေမှုအား ဇူလိုင်လ(၂၅)ရက်နေ့မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကြံခင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးလူငယ်စေတနာ့ဝန်ထမ်းများအား အခြေခံသင်တန်းဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြတ်ဒါနစေတနာဆေးခန်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် လူထုအခြေပြုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်စီမံချက်ဖြင့် ကျန်းမာရေးလူငယ်စေတနာ့ ဝန်ထမ်းများအား အခြေခံသင်တန်းဖွင့်လှစ် ပေးခဲ့သည်။

ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား နယ်လှည့်ဆေးကုသမှု ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ယမန်နေ့နံနက်ပိုင်းကစ၍ Mobile Medical Unit(MMU) ဖြင့် လူမှုူဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်အရောက် နယ်လှည့် ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဇူလိုင်လ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီက မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းရမိထားသည့် ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။
Subscribe to