ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်

ချင်းပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေး/ကုသဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ကျောက်တံတားမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဆက်သယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်း(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံတား)၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ အခြေခံ Aerobic နှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ အခြေခံ Aerobic နှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အခမ်းအနား ကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ အ.ထ.က(၆)ကျောင်း (အနန္တပညာခန်းမ)၌ “ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မြောင်းမြခရိုင် Community Centre တွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက YouthClub နဲ့စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Subscribe to