ဝေါ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာ၌ ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၁၁)ဦး ပိုင်ဆိုင်သော လယ်မြေ(၅၀)ဧကအတွင်း စိုက်ပျိုးထားသည့် အောင်နိုင်တိုးမျိုးစပါး စိုက်ခင်းများအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေများတွင် ပန်းတိုင်းအထွက်နှုန်းပြည့်မီကျော်လွန်စေရေးနှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထားမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အဗျားငှက်ချေးဝင်ကျေးရွာ၌ ရွှေရည်မွန်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ ဒေသကြက်ကောင်ရေ တစ်ထောင် မွေးမြူထားရှိမှုများကိုလည်း ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)