ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တတ်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ လူနေအိမ်နှင့် ကားလမ်းများရေကျော်မှုများဖြစ်ပွား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တတ်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ ‌လူနေအိမ်နှင့် ကားလမ်းများရေကျော်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း သင်တန်းကိုဇူလိုင်(၁)ရက်နေ့မှဇူလိုင် (၂၆)ရက်နေ့ အထိ နေ့စဥ်နံနက် (၉) နာရီမှ ညနေ(၃)နာရီအချိန်ထိ သင်တန်းပို့ချခဲ့ရာ ဇူလိုင်လ (၂၆) ရက်နေ့တွင်ဆင့်ပွားသင်တန်းဆင်းပွဲကို ‌ရှမ်းပွဲရပ်ကွက်ရွှေမုဋ္ဌောဘုရားဝန်းအတွင်းရှိ မဟာအတုလဝေယံ ဘုံမ်မြင့်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသည် ဇူလိုင်လ(၂၅)ရက်နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ပေါ်ရှိအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း(၆) ကျောင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။

ဘိုကလေးမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု(၂)စုအတွက် ထောက်ပံ့ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင်(၂၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာမှ အလျား(၂၇)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၂)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ် ပြိုကျပျက်စီးခြင်းနှင့် ဟေမန်ကျေးရွာအုပ်စု၊ ထုံးကျေးရွာ၌ လေပြင်းတိုက်ခတ်၍ သစ်ပင်အမြစ်လန်ကာ အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၂၃)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ်(၁)လုံးပေါ်သို့ လဲကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၂)စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင်(၂၅)ရက် ညနေ(၄)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၂) ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ကျိုက်ထော်(မြောက်)ကျေးရွာ၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်မဖြစ်ပွားစေရေး ကူညီ‌ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်(မြောက်)ကျေးရွာတွင် ပြေးဆွဲလျက်ရှိသော စက်တပ်သမ္မန်‌ မောင်းနှင်သူများနှင့် ခရီးသည်များအန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်မှုမရှိစေရေး ကူညီ‌ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်က တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆောင်ရွက်နေကြကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ ယမန်နေ့န့နက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အဆိုပါဘဏ်ခွဲ၌ ပင်စင်လစာ ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ ၂၅  ရက်နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (ခေါ်) Smart Card များ အခမဲ့ ဆက်လက်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာ ထုတ်ယူရာတွင် လျှင်မြန် လွယ်ကူစေရန်နှင့် အခက်အခဲမရှိစေရန်အတွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ UID(Unique Identity) (ခေါ်) Smart Card များကို၊ မြန်မာ့စီးပွားရေးဘဏ်(မြို့နယ်ဘဏ်ခွဲ)သို့ သွားရောက်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်(၂၆) ရက်နေ့နံနက်က အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to