မိုးညို ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာဖိုး သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့် ဝန်ထမ်းများက မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဇူလိုင်လ (၂၃) ရက်နေ့တွင် မိုးညိုမြို့နယ်၊ စိန်တိုင်ကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကြ၍ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးအတွက် ပြောင်းရွှေ့စရိတ် (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး( ၂၅၀၀၀/-)ကျပ်၊ စုစုပေါင်း ( ၁၂၅၀၀၀/-) ကျပ်အား ကျေးရွာသို့သွားရောက်၍ ပြည်သူလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)