တာမွေမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထားဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)မှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတစ်လျှောက်တွင် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာများမှ စွန့်ပစ်ထားသော မီးဖိုချောင်ထွက် အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများအား အမှိုက် သိမ်းယာဉ်များ၊ အမှိုက်သိမ်းတွန်းလှည်းငယ်များဖြင့် အမှိုက်များ စနစ်တကျ လိုက်လံ သိမ်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။