ဖောင်းပြင် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီး ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ပြီး စည်းကမ်းမလိုက်နာသူများအား အရေးယူ ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ စည်းကမ်းမလိုက်နာသူ (၁၃) ဦ:ကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်တွင် Coronavirus Disease 2019 (COVID- 19) ရောဂါ ကာကွယ် တားဆီးရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး နှာခေါင်းစည်းတပ်ဆင်ကြရန် အသိပညာပေးခြင်းကို ဩဂုတ်လ ၂၇ ရက်နေ့ကစတင်ခဲ့ပြီး အရေးယူခြင်းများကို စက်တင် ဘာလ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အဝင်အထွက်များ၌လည်းကောင်း၊ အမြန်ရေယာဥ်ဂိတ်နှင့် ကားဂိတ်များ၌ လည်းကောင်း၊ မြို့မစည်ပင် သာယာစျေး၊ ဗိုလ်ချုပ်လမ်းနှင့် နတ်သျှင်နောင် လမ်းတို့၌လည်းကောင်း စစ် ဆေးအရေးယူဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့တွင် ၄ ဦး၊ ၂ ရက်နေ့တွင် ၁ ဦးနှင့် ၃ ရက်နေ့တွင် ၈ ဦးတို့ကို မြို့နယ်တရားရုံးတွင် တရားစွဲဆိုကာ တစ်ဦးလျင် ဒဏ်ငွေ သုံးထောင်ကျပ်စီဖြင့် အရေးယူခဲ့ ကြောင်း မြို့နယ်တရားရုံးက သိရသည်။
ကိုထွန်း(ဖောင်းပြင်)