ထန်းတပင်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁ )နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကျန်းမာရေး ဦးစီးဌာနမှ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊သရက်ခုံကျေးရွာတွင် ရခိုင်ပြည်နယ်မှ ပြန်လာသူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအားဓာတ်ခွဲနမူနာရယူစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သရက်ခုံကျေးရွာမှ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရခိုင်ပြည်နယ်မှပြန်လာသူ အမျိုးသားနှင့် ၎င်း၏ ဇနီးဖြစ် သူတို့၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၁)ရက်နေ့က ရယူစစ်ဆေးခဲ့ကြောင်း တောင်တွင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များ စာရင်းကိုစစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များ စာရင်းကိုစစ်‌ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြရာ ယနေ့နံနက် ၉နာရီကလည်း ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၅လမ်းနှင့် ၁၆လမ်းကြား၊ ၈၆လမ်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ဆက်လက်ဆောင်ရွက်လျက် ရှိ‌ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေးစီမံကိန်း NEP Phase-1 ဖြင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် NEP Phase-1 ဖြင့် ကျေးရွာမီးလင်းရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည ၈ နာရီတွင် မင်းရွာကိုင်းကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ဘူးတောင်း (အရှေ့)ရွာနှင့် ဘူးတောင်း(အနောက်)ရွာ ရွာပေါင်း(၄)ရွာအား မင်းတုန်းဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ် အား စတင်ပို့လွှတ်ပြီဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး (Mask Campaign) ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး ယနေ့ နေ့လည် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ လူစည်ကားရာနေရာများတွင် ဌာနဆိုင်ရာများစုပေါင်း၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ရေနံချောင်း မြို့နယ်သို့ ပြန်လာသူများအား စောင့်ကြည့်စင်တာများတွင် ထားရှိမည်

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ရေနံချောင်း မြို့နယ်သို့ ပြန်လာသူများအား စောင့်ကြည့်စင်တာများတွင် ထားရှိမည်သွားမည်ဖြစ်ကြောင်း ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ညောင်ဦးမြို့နယ် ၊ပုဂံမြို့သစ် အဝင်ဂိတ်တွင်ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပုဂံမြို့သစ်သို့ ဝင်ရောက်လာသည့် ပြည်သူများ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာစေ ရန်အတွက် Mask တပ်ဆင်ဝင်ရောက်လာခြင်းရှိ၊မရှိ စစ်ဆေးခြင်းအား ပုဂံမြို့သစ်-ချောက်ကားလမ်း လောကနန္ဒာမြစ်ရေတင်မြောင်းမကြီး ဂိတ်တွင် ယနေ့ နံနက် ၆နာရီခွဲ အချိန်မှ စတင်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြင်ထွက်တိုင်းနှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်းအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ​ကော့​သောင်းခရိုင်၊​ ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်−၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်နှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နတ်မောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက Cash For Work စီမံကိန်းနှင့် ဆောင်ရွက်သည့်ကျေးရွာ (၁၂)ရွာအနက် ကျေးရွာ (၄)ရွာနှင့် မတည်ရန်ပုံငွေ ( VRFP) စီမံ ကိန်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ(၁၀)ရွာအနက် (၃)ရွာတို့အား ကွင်းဆင်းကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
Subscribe to