ထန်းတပင်မြို့နယ်တွင် Community-based Quarantine Centre အဖြစ် ထားရှိမည့် အ.ထ.က (ထန်းတပင်) စာသင်ကျောင်းဆောင်အား ကြည့်ရှုစစ်ဆေး

ထန်းတပင် (ရန်ကုန်) စက်တင်ဘာ ၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေ ရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်းကို Community-based Quarantine Centre အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းကို Community-based Quarantine Centre အဖြစ် ဆောင်ရွက် သွားနိုင်ရေး မြို့နယ် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်အောင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေး၊ လက်ထောက်မြို့နယ် ပညာရေး မှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့ပေါ် ရပ်ကွက်(၅)ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သီးခြား နေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားမည့် စာသင်ကျောင်းဆောင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေးအတွက် ကြိုတင် ကာကွယ်သည့် အနေဖြင့် မြို့နယ်အတွင်းက ပြည်တွင်း၊ ပြည်ပက စောင့်ကြည့်ရမည့် သူတွေကို လိုအပ်တဲ့အချိန်မှာ Quarantine ထားရှိနိုင်ဖို့အတွက် ဆိုပြီး တော့ အခုလိုကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာပါ၊ အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်း ကျောင်း မှာ တော့ စောင့်ကြည့်ဦးရေအနေနဲ့ကတော့ လောလောဆယ် (၅၀)ဦး ထားရှိဖို့ သတ်မှတ်ထားပါတယ်ဟု ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး ဦးရဲလင်းနိုင်က ပြောသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)