ပေါင်းတည်မြို့နယ်တွင် သစ်ပင်ပြိုလဲမှုကြောင့် လူနေအိမ်ပြိုလဲမှုပြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းရက် များတွင် မိုးရွာသွန်းမှု ဆက်တိုက်လိုလိုဖြစ်ပေါ်ခဲ့သဖြင့် ရေဝပ်မှုများရှိနေခြင်းနှင့် မြေသားပွလာမှုများ ကြောင့် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ပေါင်းတည်မြို့ အုပ်ဖို(၂)ရပ်ကွက် ၃၇ လမ်း အနောက်ပိုင်း အတွင်းလမ်းထဲရှိ မန်းကျည်းပင်မှာ မြေပျော့မှုကြောင့် အမြစ်ပွကာ လူနေအိမ်နှစ်လုံးပေါ်သို့ ပိကာ ပြိုလဲမှုဖြစ်ပွားခဲ့သည်။

ဒေါပုံမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ​​ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်ရေး ရွေးချယ်ခံအထူးရဲတပ်ဖွဲ့၀င်များနှင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များချုပ်ဆို

၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ မဲရုံများတွင် အထူးရဲများအဖြစ် ခန့်အပ်တာ၀န်ပေးနိုင်ရေး ရွေးချယ်ခံတပ်ဖွဲ့၀င်များနှင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုခြင်းများကို ယမန်နေ့က မိုးကုတ်မြို့ မြို့မစခန်း ဓမ္မာရုံနှင့် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်နယ်မြေစခန်းရုံးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့တွင် စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးဆိုင်ရာ နည်းပညာ​ပေးသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ကြီးမှူး၍ ​​ကျေးရွာ မတည်ရန်ပုံ​ငွေ( VRFP)စီမံကိန်း​ကျေးရွာများသို့ စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးဆိုင်ရာ နည်းပညာ​ပေးသင်တန်းဖွင့်လှစ်ခြင်းကို ယ​နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်း ငွေဗိုက်အစီအစဉ်တွက် Ngwe Bike Application ဖြင့်စာရင်းသွင်းဝန်ဆောင်မှုများဆောင်ရွက်ပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်အတွင်းနေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှကိုယ်ဝန်ဆောင်မိခင်တိုင်းကိုထောက်ပံ့ခြင်းတစ်ကြိမ်တည်း၃၀၀၀၀(ကျပ်သုံးသောင်းတိတိ)ထောက်ပံ့ရန်အတွက်(Ngwe Bike)  Application ကို Downloand ဆွဲ၍ စာရင်းသွင်း ဝန်ဆောင်မှုကို ယ​​နေ့ နံနက်ပိုင်းက အမှတ်(၇) (၈)(၉))ရပ်ကွက်များ တွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလ၌ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေ ပေးနိုင်ရန် စာရင်းများ ကောက်ယူ

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Covid- 19 ကာလတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုများ လျော့ပါး သက်သာစေရန် ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေပေး အပ်နိုင်ရန် ယနေ့ မွန်းလွဲ ၂ နာရီက မြောက်ပိုင်း ရပ်ကွက်ဓမ္မာရုံ၌‌ ကျိုက်ထိုမြို့နယ် ရင်ခွင်မဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်တင်နွယ်ဦးနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များ၏ စာရင်းနှင့် ဩဂုတ်လအတွင်း မွေးဖွားသည့် ကလေးငယ်များ၏စာရင်းများကိုကောက်ယူခဲ့သည်။

မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှစာကြည့်တိုက်များရှင်သန်ရေး ဆွေးနွေးခြင်းနှင့် စာအုပ်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်များသို့ သွားရောက်၍ စာကြည့်တိုက်များရှင်သန်ရေး ဆွေးနွေးခြင်းနှင့်စာအုပ်များ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီကကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ဗလမင်းထင်တိုးဂိတ်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ဗလမင်းထင် တိုးဂိတ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၄၉) ရပ်ကွက်နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to