ဒဂုံ(အရှေ့) စက်တင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်တွင်မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက်ခြင်းကို ယနေ့နံနက်(၉)နာရီက အမှတ် (၁၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆေးထိုးနှံ တိုက်ကျွေးလျက်ရှိကြောင်း သိ ရသည်။
အဆိုပါဆေးထိုးနှံတိုက်ကျွေးခြင်းကိုမွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးငယ်များအား ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ်(၁၁၀)ရပ်ကွက်ရှိ ကလေးငယ်များအား အကြိမ် အရေအတွက် ပြည့်မီအောင် အလှည့်ကျ ထိုးနှံပေးလျက် ရှိရာ ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)နှင့် ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ပြင်းထန် အဆုတ်ရောင်ရောဂါ(ပီစီဗီ)၊ ဂျပန် ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေးများ ဆေးတိုက် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံတိုက်ကျွေး ပေးလျက် ရှိကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)