သီပေါ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တိန်းချေ/တိန်းစံကျေးရွာရှိ ကုန်စုံဆိုင်များတွင် ကုန်ပစ္စည်း များ၌ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ရန်သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများက တိန်းချေ/ တိန်းစံကျေးရွာရှိ စျေးဆိုင်များ၊ ကုန်မျိုးစုံဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဉပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ တစ်ခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက်လက်၍ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီ ကပြောကြားခဲ့သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)