ရေတာရှည်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ

ရေတာရှည် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကို ယနေ့ နံနက်ပိုင်းက ညောင်ပင် ကိုင်း ကျေးရွာဘေးရှိ ရန်ကုန်-မန္တလေး လမ်း‌ဟောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့သည်။ ရေတာရှည် မြို့နယ် အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး စိန်ပန်း၊ တည်ပင်၊ မယ်ဇလီ စသည့် ပျိုးပင် (၅၀)အား ရန်ကုန်-မန္တလေး ကားလမ်း ဟောင်း ဘေးတစ်ဖက်တစ်ချက်စီတွင် စိုက်ပျိုး ခဲ့ကြသည်။

ဆက်လက်ပြီး အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ နှာခေါင်းစည်းများအား လမ်းသွားလမ်းလာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။

ဆု(ပြန်/ဆက်)