စစ်ကိုင်း စက်တင်ဘာ ၃
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၉)နာရီခွဲက စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့်(Youth Club)တို့ပူးပေါင်းကာ စာရေးဆရာ အောင်သင်းရေးသားသည့် "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်အား ဖတ်ကြားခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းလာ စာပေချစ်မြတ်နိုးသူများက တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ကြကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်မျိုးကျော် က စာဖတ်ဝိုင်းကျင်းပရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ် မြတ်နိုးသူများအသင်းမှ ဦးမောင်မောင်လွင်က စာရေးဆရာ အောင်သင်းရေးသားသည့် "ရည်မှန်း ချက်နှင့် ပြဿနာအထွေထွေ"စာအုပ်မှ ရေးသားထားသည့် "ဟောပြောချက်"ခေါင်းစဉ်ပါ အကြောင်းအရာ များကို လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ မဟေသီမိုးဦး က "ရည်မှန်းချက်နှင့် ယုံကြည်မှု ဘာကွာခြားသလဲ ဘာကို ယုံကြည်လုပ်ဆောင်ရမှာလဲ ယုံကြည်မှုတစ်ခုကို ခိုင်မြဲဖို့ လိုပါသလား" မေးသူနှင့်ဖြေသူများ၏ အကြောင်းအရာများ ကို ဖတ်ရသဖြင့်ရရှိသည့် အကျိုးကျေးဇူး များကိုလည်းကောင်း၊ (Youth Club) အဖွဲ့မှ ကိုနိုင်မင်းအောင်နှင့် ကိုဝေဖြိုးအောင်တို့က စာအုပ်ပါ ရေးသားထားသည့် "နောက်ဆက်တွဲ အမေးအဖြေ" များကို လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
မျိုးဝင်း(ပြန်/ဆက်)