ဗန်းမောက် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးထွန်းရီက ရွေးကောက်ပွဲ ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ အကြောင်းကို လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်က ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ ရပ်ကျေးရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်းများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် အချက် များကို လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးစိုးသူအောင်က ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းအား COVID-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျှက်ရှိပြီး အဆိုပါသင်တန်းကို လေးသုတ်ခွဲ၍ တစ်ရက်လျှင်သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ စက်တင်ဘာ (၃) ရက်မှ စက်တင်ဘာ (၆) ရက်နေ့ထိဖြစ်ပြီး (၄) ရက်ကြာမြှင့်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးထွန်းရီထံမှ သိရသည်။
ကျော်စွာ (ဗန်းမောက်)