ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ဆက်လက်ကျင်းပ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦး တက်ရောက်ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ မဲစာရင်း စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက် ၁၁ နာရီက မဲစာရင်း စိစစ်ရေးကော်မတီများမှ မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ် ကျန်စိမ့်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ  မျိုးစေ့ထုတ် စိုက်ခင်း (၁၀) ဧကစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်စိမ့်ကျေးရွာရှိ တောင်သူ(၅)ဦး၏ လယ်မြေတွင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

မိုင်းခတ်မြို့နယ် ကြက်ခြေနီအသင်းအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများထောက်ပံ့​ခြင်းနှင့် အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ​ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့တွင် မြို့နယ်ကြက်ခြေနီ အသင်းအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ​ ထောက်ပံ့​ခြင်းနှင့် ကိုဗစ်-၁၉ကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့သော အသင်း ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို စက်တင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေပိုင်း က မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊၆၂လမ်းနှင့် ၁၂၀ လမ်းထောင့်ရှိ တွတ်ပီ ကွေ့လမ်းဆုံတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့လှမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိ တောင်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ငဖဲမြို့နယ်၌ မျိုးစေ့ထုတ်မိုးစပါး ၁၃၅ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော မနောသုခမျိုးစေ့ထုတ်မိုးစပါး R.S မျိုး ၄၀ ဧကနှင့် ဧရာမင်းမျိုးစေ့ ထုတ် မိုးစပါး R.S မျိုး ၉၅ ဧကကို စိုက်ပျိုးရန်လျာထားရာ စက်တင်ဘာလ၂ ရက်နေ့ထိ ၁၃၅ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းကြောင့် ထိခိုက်ပျက်စီးသွားသော လမ်းများကို တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေဖြင့် ပြန်လည် ပြုပြင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် JICA ၏ ODA Loan ဖြင့် ဆောင်ရွက်နေသော ပုသိမ်မြို့ ရေ ပေးဝေရေးလုပ်ငန်းအတွက် ရေဖြန့်ဝေရေး ပိုက်လိုင်းများ သွယ်တန်းရာတွင် ထိခိုက်ပျက်ဆီးသွား သောလမ်းများကို တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေ အသုံးပြုပြီး ပြန်လည်ပြုပြင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၁၈ လက်မ DI ပိုက်များ ကွန်ကရစ်ဖုံးခြင်း လုပ်ငန်းအတွက် ၄၄ ဒသမ ၁ သန်းနှင့် ရေဖြန့်ဝေရေးလုပ်ငန်းတွင် အသုံးပြုသော PPC ပိုက်လိုင်း ကွန်ကရစ်ဖုံးခြင်း လုပ်ငန်းအ တွက် ရန်ပုံငွေ ၁၉၇ ဒသမ ၇ သန်း အသုံးပြု ဆောင်ရွက်နေကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် ညမထွက်ရအမိန့် ထပ်မံတိုးမြှင့်ထားခြင်းအား ပြည်သူများ သိရှိလိုက်နာနိုင်ရန် လိုက်လံနှိုးဆော်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြု နိုင်ရေးအတွက် ညမထွက်ရအမိန့်(Curfew)အား မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ (၈) ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊
Subscribe to