ဘားအံမြို့ လူနေစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသိပညာပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူနေစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီက ဘားအံ မာဃလူမှုကယ်ဆယ်ရေးအသင်းမှဦးဆောင်၍ အမှတ်-၁ စံပြစျေးမှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်မှု(၇၅)ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောက်လုပ် လျက်ရှိသည့် ပေ(၁၄၀×၃၀)ရှိ(RC)နှစ်ထပ်တိုက် ကျောင်းဆောင်သစ်ဆောက်လုပ်မှုသည် (၇၅)ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ဿည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူသာအဓိက ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် လှူဒါန်းမှု များပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ပြည်သူသာအဓိက ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အတွင်းရှိ အလုပ်အကိုင်အခက်အခဲ ဖြစ်ပေါ်နေသည့် မိသားစုဝင်များသို့ ဆန်၊ ဆီနှင့် အခြားသော အခြေခံစားသောက်ကုန်များကို ပြည်သူမှပြည်သူသို့ အစီအစဉ်ဖြင့် ခွဲဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်ပြား စိစစ်ဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား စိစစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့ နယ် စံပြ(၆)မိုင်ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မုံးကိုးမြို့၌ ပြည်သူလူထုများထံ နှာခေါင်းစည်း(၅၀၀) (အခမဲ့)ဖြန့်ဝေပေး

မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေး ဟောပြောခြင်းနှင့် နှာခေါင်းစည်းများ(အခမဲ့)ဖြန့်ဝေခြင်းတို့ကို ယမန်နေ့၊ နေ့လည်(၂) နာရီအချိန်က မုံးကိုးမြို့၊ မြို့လမ်းဆုံ၌ ဆောင်ရွက်သည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် တောင်ခင်ကျေးရွာ ပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အတွက်လျှပ်စစ်မီးကြိုးသွယ်တန်း ခြင်း နှင့် မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်

ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့်     လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက်   ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်  စစ်ပင်တောင်‌(အောက်ရွာ) နှင့် မလစ်(အရှေ့) ကျေးရွာ၊ အုတ်ဖိုစုရွာတို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် လျှပ်စစ်မီး ရရှိရေး အတွက် မီးကြိုးများသွယ်တန်းခြင်းနှင့် မီးတိုင်များ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ ​မြို့နယ်အတွင်းရှိကျေးရွာများသို့ သွားရောက်ကာ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒေသန္တရ ညမထွက်ရအမိန့်အား လိုက်နာမှုရှိမရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ထုတ်ပြန်သည့် ဒေသန္တရ ညမထွက် ရအမိန့်အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ညကအမှတ်(၁၂)ရပ်ကွက် ကျန်စစ်သားလမ်း၊ တပင်ရွှေထီး လမ်းဆုံ(CNG Gas ဆိုင်လမ်းဆုံ) တို့တွင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။         
Subscribe to