ထီးချိုင့် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မပေါ်ပေါက် စေရေးသတိပြုရန် ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများ သို့ပန်ကြားချက် အသိပေးနှိုးဆော်ခြင်း ကို ယနေ့ မွန်းလွဲ (၁၁) နာရီက ထီးချိုင့်မြို့ပေါ်ရပ်ကွက်များသို့ ကသာခရိုင်ဘေးအန္တရယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးမှူး ဒေါ်သန္တာဦးနှင့်၀န်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူဦးချမ်းမြေ့နိုင်နှင့် ၀န်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များပူးပေါင်း၍ အသိပေး လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အသိပေးလှည့် လည်နှိုးဆော်ရာတွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မည်သည့် အကြောင်းကိစ္စဖြင့်ဖြစ်စေ အပြင်ထွက် တိုင်း နှာခေါင်း စည်း (MASK) များ တပ်ဆင်ကြရန်၊ လူစုလူဝေးဖြစ်စေသည့် နေရာများသို့ လုံးဝ(လုံးဝ) မသွားကြပါရန်နှင့် ထီးချိုင့်မြို့ နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားရှိသည့်အမိန့်၊ ညွှန်ကြား ချက်များအားအလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ရဲလင်းထွန်း ထီးချိုင့်