သနပ်ပင်မြို့နယ်တွင် Coivd-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) ၁၅၀၀ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  Covid-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စံကြည် ဦးဆောင်၍ မြန်မာ့နိုင်ငံပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း (သနပ်ပင်) တို့က စက်တက်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်က Mask ၁၅၀၀ ကို စတင်ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ကမာရွတ်မြို့နယ်တွင် ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်

မိုးရာသီတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းကျိုးကျခြင်းနှင့် လျှပ်စစ်အန္တရာယ်များ မဖြစ် ပေါ်စေရေး အတွက် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန် အင်းစိန်လမ်းမ၊ လှည်း တန်းလမ်းမတစ်လျှောက်နှင့် အခြား လိုအပ်သောနေရာများတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ရေး Mask နှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်၊(ဘီးလူးကျွန်း)ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့ဝင်ဗိုလ်ချုပ်အောင်ဆန်းတံတားထိပ်နှင့် လူစည်ကားရာ နေရာများတွင် နှာ​ခေါင်းစည်း(Mask)များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ ၃ ရက်နေ့က လွှတ်တော်ဒုဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် ဌာနဆိုင်ရာ များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များကအရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ယင်းမာကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက(၃၅၀)ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖော်ထုတ် နေမှုကို စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက(၃၅၀) ကျော်အကျိုးပြုမည့် ကုန်ထုတ်လမ်း‌ ဖော်ထုတ် ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၁၁နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ သိရသည်။

ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ကျိုက်မ​ရောမြို့တွင် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်​ဝေ​ပေး

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်ကျိုက်မ​ရောလူငယ် ပရဟိတ အဖွဲ့တို့ပူး ​​ပေါင်း၍ အိမ်အပြင်ထွက်သူတိုင်း နှာ​ခေါင်းစည်းများစနစ် တကျ တပ်ဆင်​စေရန် အသိပညာ​ပေးခြင်းနှင့်နှာ​ခေါင်းစည်းမတပ်ဆင်လာသူများအား နှာ​ခေါင်းစည်း(mask)များ အခမဲ့ ဖြန့်​ဝေ​ပေးခြင်းကို ယ​နေ့နံနက်၉နာရီက ကျိုက်မ​ရောမြို့အဝင် တိုးဂိတ်နှင့်​ရွှေဟင်္သာ အဝိုင်း၌ ပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာမအား ဂုဏ်ပြုပွဲကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များအား စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ

ပဲခူးမြို့တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် သစ္စာစီမံချက်ဖြင့် ကျား/မ စုစုပေါင်း ၁၆၁၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် ကျေးရွာပေါင်း(၂၀၄)ရွာရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေ ပါဝင်မဲပေးနိုင်ရေးအတွက် ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ စီမံချက်ကာလဖြစ်သည့် ဩဂုတ်လ ၃၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့် ကျား/မ စုစုပေါင်း ၁၆၁၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to