မော်လိုက်မြို့၌ COVID-19 ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်ရရှိရန် ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 ရောဂါကာလအတွင်း ငွေဗိုက်အပလီ ကေးရှင်း ဖြင့် ငွေကြေးထောက်ပံ့မှုအစီအစဉ်များတွင် ပါဝင် နိုင်ရေးအတွက် မော်လိုက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ စာရင်းကောက်ယူ၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပူတာအိုခရိုင် လွှတ်တော်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ လွှတ်တော်အသီးသီးတွင် ပါ၀င်ယှဉ်ပြိုင်ရန် အမည်စာ ရင်းတင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏အမည်စာရင်းများကို ဩဂုတ်(၃၀)ရက်မှစတင်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတွင် အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ကပ်ထားကြေညာထားကြောင်း သိရသည်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အတွက်နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက သီရိမင်္ဂလာရွှေ ချမ်းသာ မွေတော်ဘုရားကြီးရှေ့နှင့် လမ်းဆုံတွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည် စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း (mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေး‌ ပြောကြားခြင်းနှင့် နှာခေါင်းစည်း (mask) မတပ်ဘဲ သွားလာနေကြသူများကို ယခုဝယ်၊ ယခုတပ် စေခြင်း ဖြင့် ပညာပေးခဲ့‌ကြ ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖားကန့်၌ နေရပ်ပြန်ပြည်သူများအား ကန့်သတ်စောင့်ကြည့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စက်တင်ဘာ ၂ ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနက အမည်စာရင်းပေးပို့လာသည့် (၁၄)ဦးအနက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ Case-788 နှင့် လေယာဉ်အတူစီးခဲ့သူ လေးဦးနှင့် ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး ထိုမှတဆင့် ဖားကန့်ဒေသသို့ ဝင်လာသူ(၉)ဦးတို့အား ညတွင်းချင်း အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာ (Facility Quarantine) သို့ ပို့ဆောင်ထားရှိထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပျဉ်းမနားမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖောက်လုပ် လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများဆောင်ရွက်ပြီးစီးမှုများကို စက်တင်ဘာ ၂ ရက် နေ့က နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ)ဦးတင်မောင်အေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများထုတ်ပြန်ကြေညာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို

မြစ်ကြီးနား၌ ရော်ဘာစိုက်ပျိုးမည့် တောင်သူများသို့ မက္ကာ‌ဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀) ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်

ကချင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးမည့် တောင်သူများသို့ မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀)ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် ‌ရော်ဘာအခြေခံ ဘက်စုံ သီးနှံ စိုက်ခင်းကွင်း သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုး‌ရေးခြံ(နောင်နန်း)၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

မန့်ဟီးရိုးမြို့တွင် ပထမအကြိမ် မဲစာရင်း ကြေညာထားရှိမှုတွင် ပြင်ဆင်ဖြည့်စွက် လျှောက်ထားသူများ စာရင်း ပြင်ဆင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့ အထိ ကြေညာထားရာသို့ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက်ကြည့်ရှုပြီး မဲစာရင်းတွင် ပြင်ဆင် ရန် လိုအပ်သည့် ဒေသခံပြည်သူများသည် သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့်ပြင်ဆင် လျှောက်ထား လျက်ရှိသည်။

ကွတ်ခိုင်မြို့၊ မုန်းဝန်းဗမာယဉ်ကျေးမှုအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြု ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက် အကူပြု ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့အဝင် ဂေါက်ကွင်း အနီးရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်း၌ ကွတ်ခိုင်မြို့နယ် မုန်းဝန်းဗမာယဉ်ကျေးမှု အလုပ်အမှု‌ဆောင်အဖွဲ့မှ လာရောက် ထောက်ပံ လှူဒါန်းသည်။
Subscribe to