ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ရေး ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိစစ် ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ဒဂုံ(အရှေ့) စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေး အတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ ညအချိန်က ရပ်ကွက် များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂)နာရီမှ နံနက် (၄)နာရီအချိန်အထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ လိုက်နာခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ပြီး ဒေသန္တရအမိန့် ဖောက်ဖျက်သူ  များတွေ့ရှိရပါက ဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုး အတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း သိရှိရ သည်။

လှလှထွေး(ပြန်/ဆက်)