ပင်းတယမြို့နယ်၌ မိုးပဲပုတ်မျိုးစေ့ထုတ်လုပ်ငန်းအတွက် မြေဩဇာနှင့်မျိုးကွဲပယ်ခြင်း လုပ်ခ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

ပင်းတယ    စက်တင်ဘာ   

ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မိုးပဲပုတ်မျိုးစေ့ထုတ်လုပ်ငန်း အတွက် မြေဩဇာနှင့်မျိုးကွဲပယ်ခြင်း လုပ်ခ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပွေးလှကျေးရွာရှိ ဦးတုတု၏ စိုက်ကွင်း၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမျိုးဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ပင်းတယမြို့နယ်ရှိ ဒေသနေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကအားထား၍ အသက်မွေးဝမ်းကျောင်းပြုရသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်မြင်ရေးမှာ အရေးပါကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်မော်မော်လွင်က ပဲပုတ်မျိုးစေ့ထုတ်လုပ်ငန်းအတါက် မြေဩဇာနှင့် မျိုးကွဲပယ်ခြင်းလုပ်ခများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပွေးလှကျေးရွာအုပ်စုမှ ပွေးလှကျေးရွာနှင့် နန်းကုန်းကျေးရွာအုပ်စုမှ ပင်စိမ်းပင်ကျေးရွာမှ ပဲပုတ်စိုက်တောင်သူ ၅ ဦး၏ စိုက်ဧက ၅ ဧကစီအတွက် တစ်ဦးလျင် ၄၀၀၀ဝိ/- ကျပ်နှုန်းဖြင့် စုစုပေါင်း စိုက်ဧက ၂၅ ဧကအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းနှင့် မိုးပဲပုတ်မျိုးစေ့အိတ် ၁၆ အိတ်အား မြို့နယ် အုပ်ချုပ် ရေးမှူး ဦးနေမျိုးဇော်နှင့် တာဝန်ရှိသူများတို့ က ပေးအပ်ခဲ့ကြကြောင်းသိရပြီး ယခုမိုးပဲပုတ် မျိုးစေ့ ထုတ်လုပ် ငန်းအတွက် မြေဩဇာနှင့် မျိုးကွဲ ပယ်ခြင်းလုပ်ခထောက်ပံ့ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)