မြောက်ဥက္ကလာပ စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို ယမန့်နေ့ နံနက်ပိုင်းက စတင်၍ (င) ရပ်ကွက်အတွင်းရှိ လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် (င)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် ကြီးကြပ်မှုဖြင့် ဆယ်အိမ်မှူး၊ ရာအိမ် မှူးများက လမ်းအတွင်းသို့ ပြင်ပမှ ဝင်ရောက်လာသည့် ကားအဝင်အထွက် စာရင်းများ ကောက်ယူခြင်း၊ Mask မပါရှိသူများအား ဒဏ်ရိုက်သည့်အနေဖြင့် Mask တစ်ခုလျှင် တစ်ထောင်ကျပ် နှုန်းဖြင့် အခုဝယ် အခုတပ်အစီအစဉ် ဆောင်ရွက်ထားရှိခြင်းနှင့် Hand Speaker ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ကြေညာပေးခြင်း စသည့်တို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြိုနယ်တွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းရှိ လမ်းအဝင်ဝများတွင် "Mask တပ်ဆင်ပြီးမှ ရပ်ကွက်အတွင်းဝင်ရောက်ရန်" ဟူသည့် ဗီနိုင်းများ၊ ကြော်ညာဘုတ်များ ဆောင်ရွက်ထား ရှိခြင်းနှင့် လက်ဆေးဘေစင်များကိုလည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)