ရွာသစ် စက်တင်ဘာ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်သဘာဝအုန်းဆီစစ်စစ်သည် ဆေးဖက်ဝင် ၍ လူကြိုက်များပြီး ဈေးကောင်းရသောကြောင့် ဒေသခံအုန်းဆီရောင်းသူများက အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
သို့ရာတွင် ယခုနှစ်တွင် ရာသီဥတု မှန်ကန်မှုမရှိတာကြောင့် အုန်းပင်မှ အုန်းသီးများအား အထွက်နှုန်း နည်းပါးပြီး အုန်းဆီများ ထုတ်လုပ်ရာတွင် အခက်အခဲရှိပါသောကြောင့် လက်ရှိနွေရာသီတွင် သိုလှောင် ထားသော အုန်းဆီ များနှင့်သာ ရောင်းချနေရပြီး အရင်က အုန်းဆီးတစ်ပြားလျှင် (၂၀၀၀)နှုန်းနှင့်သာ ရောင်းချရသော်လည်း ယခုအခါ အုန်းသီးအထွက်နှုန်း နည်းတာကြောင့် အုန်းဆီတစ်ပြားလျှင် အချို့ဆိုင်တွင် (၂၅၀၀)ကျပ်၊ (၃၀၀၀) ကျပ်နှင့် ရောင်းချပေးလျက်ရှိကြောင်း၊ ရွာသစ်ဒေသထွက် ဘဘာဝ အုန်းဆီစစ်စစ်လည်း ရောင်းအားကောင်း လျက်ရှိကြောင်း၊ လွိုင်ကော်-ဘောလခဲမှ ဖောက်သည်များလည်း မှာယူ၍ အလျင်မမီနိုင်ကြောင်း ဝယ်သူဖောက် သည်များ လာဝယ်ရင်သာ ချန်ထားပေးခြင်း ဖြစ်ပါကြောင်း၊ ဈေးဆိုင်ပိုင်ရှင် တစ်ဦးထံမှ သိရှိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)