ပုလော၊ စက်တင်ဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုထိန်းချုပ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စိုက်ထူပြသထားကြောင်း သိရသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ဆိုးကျိုးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး၊ သုံးစွဲမှုလျော့ချထိန်း ချုပ်ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်ကို ရည်ရွယ်ပြသခဲ့ခြင်းဖြစ်ကြောင်း၊ အသိပညာပေးနံရံကပ်စာစောင်တွင် ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းတို့၏ အန္တရာယ်များ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲသူ၏ ခန္ဓာကိုယ် ပုံစံနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းကို ရှောင်ကြဉ်ရန်၊ နိုင်ငံတော်အကြီးအကဲများ၏လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပုလောမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ စသည့်တို့ပါ၀င်ကြောင်း သိရှိရသည်။
အေးအေးမာ်(ပုလော ပြန်/ဆက်)