လဲချား၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

လဲချား  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ ၁၁ နာရီခန့်အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက် ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းကို မိမိတို့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာရှင်များ စာအုပ်စာပေဖတ်ရှုနိုင်စေရန်၊ စာကြည့်တိုက်ကို ပိုမိုအသုံးပြုစေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှုနှုန်း ပိုမိုမြင့်မားလာစေရန်အတွက် မြို့နယ်သမဝါယမ ဦးစီးဌာန၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးများသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို တစ်လလျှင် (၂)ကြိမ်နှုန်းဖြင့် အသစ်လဲလှယ် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)