မြို့လှ၌ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအားထောက်ပံ့ငွေများပေးအပ်

မြို့လှ     စက်တင်ဘာ     ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မြို့လှမြို့ပေါ်ရပ်ကွက်များရှိ မသန်စွမ်းသူများအတွက် Covid-19 ကာလအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ရန်ပုံငွေမှ မသန်စွမ်းသူများအား  တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်ရာ၌ မြို့လှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ မသန်စွမ်း (၁၂) ဦး အတွက် စုစုပေါင်းငွေကျပ်(၃၆၀,၀၀၀)ကို မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်နှင့်သက်ဆိုင်ရာ ရပ်ကွပ် အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများက မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

ကျော်မင်းနိုင် (ပြန်/ဆက်)