ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော ဆံသဆိုင်၊ အလှပြင်ဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက် များအား လိုက်နာဆောင်ရွက် ထားမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များဖြစ်သည့့် ဈေးရောင်းသူ လိုက်နာရမည့်အချက်များ၊ ဆံသဆိုင်၊ အလှပြင်ဆိုင်များမှ ဆိုင်ရှင်ဝန်ထမ်းများ လိုက်နာရမည့်အချက် များနှင့်အညီ ဆောင်ရွက်ထားမှုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်တင်မိုးသူနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)