ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်

ကြံခင်း   စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကူးစက်မြန်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအန္တရာယ်မှ ကင်းဝေးစေရန် ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များဖြစ်သည့် နေအိမ်ပြင်ပ ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ ဆပ်ပြာနှင့် ရေမရှိသော နေရာများတွင် လက်သန့်ဆေးရည် အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာမှာ နေထိုင်ရန်၊ လူစုလူဝေးရှောင်ရန်၊ အတတ်နိုင်ဆုံးနေအိမ်ပြင်ပမထွက်ဘဲ Stay at Home နေထိုင်ကြရန်၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူပြည်သူများရှိပါ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ရန် စသည့် အချက်များအား အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးနှိုးဆော်ခြင်းကို မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)