တီးဆီးကျေးရွာအုပ်စု၌ Door To Door စနစ်ဖြင့် မဲစာရင်းစိစစ်ရေးလုပ်ငန်းအဖွဲ့မှ တစ်အိမ်တက်ဆင်း မဲစာရင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

လိုင်လင်းပီ        စက်တင်ဘာ          ၈

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်မှုရှိစေရေး တို့အတွက် Door To Door စနစ်ဖြင့် တစ်အိမ် တက်ဆင်းမဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တီးဆီးကျေးရွာ အုပ်စု၌ယမန်နေ့က မဲစာရင်းစိစစ်ရေးလုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင်  တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်လျှောက်ထားမှုများ စသည့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင် စစ်ဆေးရာ၌တီးဆီးကျေးရွာ အုပ်စုတွင် ပုံစံ(၃)ဖြင့် တောင်းဆို သူ(၁၂)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၇၁)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် လျှောက်ထားသူ(၅၅)ဦးနှင့်  တီးဆီးကျေးရွာအုပ်စုတွင်း၌  တောင်လာကျေးရွာ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၄၄၂) ဦးရှိကြောင်းနှင့် ရွေးကောက်ပွဲအတွင်း မဲရုံ(၂)ရုံ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲစာရင်းစိစစ်ရေးလုပ်ငန်းဆောင်ရွက် ရာတွင် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၊ဌာနဆိုင်ရာ တာဝန်ရှိသူမှ ဦးဆောင်၍ တီးဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင် ဥက္ကဋ္ဌ၊ တီးဆီးကျေးရွာ အလယ်တန်းကျောင်းအုပ်၊ ကျေးရွာအုပ်စု စာရေးနှင့် ကျေးရွာကော်မတီအဖွဲ့ ဝင်များပါဝင်သည့် မဲစာရင်းစိစစ်ရေး လုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။

သားပု(ပြန်/ဆက်)