ကျောက်မြောင်းမြို့အတွင်း လမ်းမကြီးတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသော LED မီးသီး များတပ်ဆင်

ကျောက်မြောင်း စက်တင်ဘာ  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်‌မြောင်းမြို့တွင် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့မှ ကျောက်မြောင်းမြို့ စည်ပင်သာယာရေးအဖွဲ့သို့ထောက်ပံပေးသော LED မီးသီး၊ မီးကိုင်း (၃၀) အား မြို့တွင်းလမ်းမကြီးတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ကတပ်ဆင်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းမီးများ တပ်ဆင်ရာအသုံးပြုနိုင်ရန် အထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ် (၁၀၀၀၀၀) ကို ကျောက်မြောင်းမြို့ မြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မ မြို့စည်ပင် သာယာရေးအဖွဲ့သို ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)