ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘုတ်ပြင်း၊  စက်တင်ဘာလ  ၈ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က ကပ်ထားပြသဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံအတွင်း ရောဂါပိုးရှိသူများတွေ့ရှိနေရသဖြင့် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ယခုလက်ရှိကမ္ဘာနိုင်ငံအသီးသီးတွင်း ဖြစ်ပေါ်နေသည့်အခြေအနေများ၊ မြန်မာ နိုင်ငံအတွင်းရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေး အသိ ပညာပေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါကူးစက်မှုမဖြစ်ပွားရေးရှောင်ရန်ဆောင်ရန်အချက်များကို ဒေသခံ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးပြသဆောင်ရွက်ထားကြောင်း သိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)